အချိန်တွေက နောက်ပြန်ဆုတ်လို့ရရင်
နင်နဲ့ရှိခဲ့တဲ့ အမှတ်တရတွေကို နဲသထက်နဲအောင်
နင့်ကိုအရမ်းမချစ်မိအောင် ငါနေခဲ့မှာပါ.............
နင် ငါ့ကို တကယ်ချစ်ခဲ့တာကို ငါသိခဲ့သလို
နင် ငါ့ကို မချစ်တော့တာကို လည်း ငါသိနေပါပြီ..............
ဟိုတုန်းက ကျောင်းကားနေရာ ဦးပေးခဲ့တဲ့ နင်..
ငါစိတ်ဆိုးတိုင်း ငါစိတ်ဆိုးပြေအောင် ထိုင်ထလုပ်ခဲ့ ၊ ငြုတ်သီးစိမ်း စားခဲ့တဲ့ နင်..
ငါမလာမချင်း ထိုင်စောင့်နေတတ်တဲ့ နင်...ကို
ငါမေ့နိုင်အောင်ကြိုးစားနေရပါတယ်.................
Subscribe to:
Post Comments (Atom)
No comments:
Post a Comment