Sunday, December 13, 2009

စလှမ်းဆို့ တူပြိုင်

ပါးလှပ်လှပ်
ခပ်ထက်ထက် ခင်းထားတဲ့ 
ဒါးသွားလမ်းထက်
ဆူးငြှောင့် တွေ ဗလပွ
လမ်းအဆုံးမှာတော့ 
လှပစွာဖန်တီးထားတဲ့ 
နှလုံးသားရဲ့  ပျှော်ရွှင်မှု
လိုချင်သူလူသားတိုင်း
လျှောက်လှမ်းနေတဲ့ ဒီလမ်းမှာ
တစ်ချို့ က ဒဏ်ချက်ကင်းမဲ့ 
တစ်ချို့ က ဒဏ်ရာများစွာ
တစ်ချို့ က လမ်းခရီးဆုံးပြီး
တစ်ချို့ က လမ်းခုလတ်
ဒီခရီးကြမ်း
နင်းလှမ်းမယ့်  ခြေလှမ်းတိုင်းမှာ
ဘယ်ဂါထာရွတ်
ဘာဆုတွေတောင်းပြီး
ဘယ်လိုခြေလှမ်းမျိုးနဲ့ 
လှမ်းကြမလဲ .............

No comments:

Post a Comment