Sunday, December 13, 2009

ထပ်တူ...

ချစ်သူသာ ပန်းပွင့်လေးဖြစ်ခဲ့ရင်
ပန်းပွင့်လေးအစဉ်မွှေးဖို့
ဝတ်မှုန်လေးတွေ ဖြစ်လိုက်ချင်
ချစ်သူသာ လေပြေကလေး ဖြစ်ခဲ့ရင်
အဲ့ဒီလေပြေ အတူနေဖို့
သစ်ရွက်လေးတွေ ဖြစ်လိုက်ချင်
ချစ်သူသာ ငွေလမင်းလေးဖြစ်ခဲ့ရင်
သူ့ရဲ့နံဘေး ၀န်းရံပေးဖို့
ကြယ်ပွင့်လေးတွေ ဖြစ်လိုက်ချင်
ချစ်သူသာ မာနရှင်လေးဆိုပါတော့
မငိုပါဘူး ဘုရားစူးပါ
မြားစူးအသဲ ရင်ထဲသိမ်းထား
စိမ်းကားသည့်ဒဏ်
ခံရင်း ရင်ကော့ အစဉ်မျှော်ငေး
ရင်မှာဆွေးတဲ့ အလွမ်းသမားလေးပေါ့…

No comments:

Post a Comment