Sunday, December 13, 2009

အလွမ်းဖွဲ့ ဝေဒနာ...

ထားရစ်ခဲ့ အလွမ်းဖွဲ့ ဝေဒနာ
သိစေချင်သည်
သခင်သိလျှက် ရှောင်လွှဲထွက်လည်း
မျက်ကွယ်အရပ် ခပ်မဆိတ်နေ
ဝေဒနာသိမ်း သူစိမ်းလိုပေါ့
မြင်စေချင်သည်
သခင်မြင်လျှက် ကျောခိုင်းရက်လဲ
မပျက်သစ္စာ မြဲစွာခိုင်တည်
ကြည်ဖြူနေဆဲ ချစ်နေဆဲပေါ့
သိလျက် မြင်လျက်
ချန်ထားရက်လျှင် ရင်မှာသော့ခတ်
အမှတ်တရ ထာဝရ အဖြစ်
ထားရစ်ခဲ့ အလွမ်းဖွဲ့ ဝေဒနာ…

No comments:

Post a Comment