ရင်မှဖြစ် တည်
ချစ်ခြင်းရဲ့ ဆုံမှတ်က
ခြားနားမှု့ တံတိုင်းကြောင့်
ဆုံးခန်းတိုင် စေခဲ့ပြီ။
မြင်မြင်ချင်း ချစ်မိ
ရင်နင့်စွာ မြတ်နိုးရလည်း
တိတ်တခိုး ပဲချစ်ပါ့မယ်။
အချစ် များစွာ ၀ဋ်ကြွေး
စစ်မှန် ချစ်ခြင်းတစ်ခု သေ
တွေဝေ စေတဲ့အဖြစ် နဲ့
ကွဲရှမယ့် ဒဏ်ရာတော့
ခံနိုင်ရည်ရှိမယ် မဟုတ်...
ချစ်ခြင်း တွေ အလိုကျ
ညစ်ထေးတဲ့ နှလုံးသားမှာ
တစ်ကြိမ် တစ်ခါသာ ဖူးပွင့်
ကြာဖြူပန်း အဖြစ်ကို
ဘယ်သူတွေ ယုံကြည်လို့
နားလည် ပေးကြမှာလဲလေ။
မြိုသိပ်ပါ့မယ်
သူမသိတဲ့ ချစ်ခဲ့ခြင်းတွေ...
တမ်းတနေပါ့မယ်
ဝေဒနာ နှိပ်စက်တတ်မဲ့
ညအချိန်အခါ မျိုးမှာ...
ဖွင့်ဟခွင့် ရပါရစေ
စိတ်ကူးတွေ မျောလွှင့်
အရာရာ ပြည့်စုံစေ
ဖန်တီးလို့ ရရှိနိုင်တဲ့
အိပ်မက် တွေထဲမှာပေါ့လေ...........
Subscribe to:
Post Comments (Atom)
No comments:
Post a Comment