တမ်းတတယ်ဆိုတာ
ငါထမ်းထားတဲ့
ကိစ္စတစ်ခုပါ
ငါ့ရဲ့အဝေးမြို့လေးမှာ(မင်း)
မင်းရဲ့အဝေးမြို့လေးမှာငါ
ဒီလိုပဲ မေတ္တာတရားတွေနဲ့တိုင်းချုပ်လိုက်တိုင်း
တမ်းတမှုတွေနဲ့သာ
ခေါင်းဝင်ကိုယ်ဆံ့ခဲ့ရ ငါ့မှာ
နောင်တဆိုတာကို ကြက်ခြေခတ်ခဲ့တယ်
ကမ္ဘာဦးက
အာဒံဆိုတာ ဧ၀ဖြစ်ဖို့
နံရိုးတစ်ချောင်း အချိုးခံခဲ့သလိုမျိုး
ယနေ့ခေတ် ( ငါ ) ဆိုတာလည်း
မင်းအလင်းရရှိဖို့ မှောင်ပေးခဲ့တဲ့မိန်းမတစ်ယောက်ပါ
ငါတို့ရဲ့ကမ္ဘာမြေကြီး
သွန်မှောက်လို့မရသရွေ့
ငါတို့ရဲ့ ဧရာဝတီမြစ်ကြီး မခန်းခြောက်သရွေ့
ငါဆိုတာ မပျောက်ပျက်သေးသရွေ့
မင်းကိုဘယ်တော့မှမမေ့ဘူး
ချစ်သူကောင်လေးရေ
အပြာရောင်နန်းတော်လည်း သွင်သွင်ကျိုးသွားခဲ့သလို
ငါ့ရင်ထဲကစံပယ်ရုံလည်းအုန်းအုန်းကျွက်ကျွက်ကြွေပြီ
မင်းလေးကို
ချစ်လို့မှမ၀သေးခင်
ကြယ်တွေတစ်ဖြုတ်ဖြုတ်ကြွေတဲ့
လမ်းခုလတ်မှာလက်ကလေးပြ
နှုတ်ဆက်ကြတာကို
ပါးစပ်တွေများစွာရဲ့
ရာဇ၀င်ထဲ
ဝင်သွားမှာစိုးရိမ်ခဲ့လို့
ငါ . . . အက္ခရာမတင်ပါရစေနဲ့
မမြင်ရအောင်ပဲ
လွမ်းပါရစေတော့လို့ . . . “ ငါ ” . . . ဆန္ဒပြုပါတယ် ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment