Tuesday, December 15, 2009

မာယာ

နှုတ်ကကျလာတဲ့ စကားလုံး တိုင်း က
ပျားသကာ ထက်တောင် ချိုပါသေးတယ်
ပြုံးလိုက် တဲ့အပြုံး တိုင်းမှာ
မာယာ များစွာ စီးဆင်း ကြည့်လိုက်တဲ့
မျက်ဝန်းတစ်စုံအောက်မှာ
မိန်းကလေး များစွာကြွေကြ
နင့် အတ္တ က ကောင်းကင်ထက်မှာ ပြန့်ကျဲ
နင် မက်မောတာ ဂုဏ်သိက္ခာ
နင်သိပ်ချစ်တာက နင့်မာန
ပြောင်းလဲတတ်တဲ့ လောကကြီးမှာ ...
မပြောင်းလဲတာ နင့် အကျင့်
ဒါတွေ ကို ဖက်တွယ် နေသရွေ့... နင် နဲ့ ငါ က မဆုံနိုင်တဲ့....
သံသယ တွေနဲ့ ပြည့်နှက်နေတဲ့
နင့် အသိုင်းဝိုင်း နဲ့ နင့် ကို လေ
ငါ အသက်ရှုနေတိုင်း မုန်းနေမယ်ဆိုတာ... နင်ယုံကြည်နေလိုက်

No comments:

Post a Comment