အစိမ်းခက်ပေမဲ့ စိမ်းရက်ဖို့တော့ လိုပြီကွယ်
တမျှင်ဖြတ်လျှင်လဲ နှစ်ပင်ပတ်ကာ နှစ်ဆတိုးတာက
အချစ်ကြိုးဆိုတဲ့ ရင်ထဲနွယ် မတွေ့ မတွေးတတ်ပေမဲ့
မမေ့သေးအောင် ခြေရာဟောင်းတွေက ဝေဒနာပြောင်း
အသစ်တွယ် ချစ်တယ်ဆိုတာက တသက်လုံး
တမင်လွမ်းစေရော့ ရှင်ခန်းဖြတ် အပူမျှသူလို့
ယူဆကာ တသက်နာကြည်းပါရစေတော့
ဆက်စရာ ခရီးဆိုတာ တယောက်တလမ်းပေမို့
တယောက်ပန်းလျှင် တယောက်ထူ
တယောက်ပူတော့ တယောက်မျှ
နှစ်ယောက် တဘ၀ နှစ်ကိုယ့်တစိတ်
အတွေးတွေလဲ ဟိုး..
အတိတ် အဝေးမှာ အသာချန်တော့
ကြမ္မာကံ တခန်းရပ်က
( ဒို့နှစ်ယောက် ) ကို လွမ်းဇာတ်နဲ့ဆုံး…
Subscribe to:
Post Comments (Atom)
No comments:
Post a Comment