လိပ်ပြာတစ်ကောင်ရဲ့ 
ရိသဲ့သဲ့ပျံဝဲမှုတွေနဲ့ 
တပ်မက်တဲ့စည်းဝိုင်းအတွင်းမှာ
ရင်ခုန်ခြင်းဆိုတာသေဆုံးနေခဲ့ ။ ။
မဲညစ်ညစ်ကောင်းကင်အောက်မှာ
အစွန့် ပစ်ခံလိုက်ရတဲ့
အပြာရောင်စာရွက်တစ်စကို
ငါ …………အခုထိအမှတ်ရနေရဲ့ ။ ။
နာရီလက်တံတွေလည်နေသရွေ့ 
စိတ်နာမှုကိုမျိုထားရတာ
ကိုယ်ကိုယ်ကိုယ်တော့
ပြစ်တင်ဝေဖန်ကဲ့ရဲ့ မိပေါ့ ။ ။
စဉ်းစားကြည့်မယ်လို့ 
ရောင်စုံကာလာတွေကြားက
ဟောဒီမာယာလွင်ပြင်ကြီးထဲမှာ
ဥပက္ခာလှိုင်းဒဏ်
အပါယ်ခံနှလုံးသားနှင့်ကျင့်သားမရသေးတဲ့
စိတ်အမာရွတ်တွေရှုပ်ပွနေဆဲ ။ ။
ချစ်သူရေ ! ! !
မင်းရဲ့ အသည်းစကားများ
ပြခန်းထဲကိုသွားကြပါ
မိုးခါးရေတစ်ပေါက်
အချစ်ကြောက်သူမို့ 
အများလိုမသောက်ပါရစေနှင့်တော့ ။ ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment