ကမ်းခြေကို
လှိုင်းကျီစယ်တာလား
လှိုင်းတွေကို
ကမ်းမျှားနေတာလား
ကမ်းဆိုတာ
လမ်းကြုံက ပန်းတစ်ပွင့်
လှိုင်းဆိုတာ
ထာဝရစီးဆင်းနေတဲ့ ချစ်ခြင်းတရား
ဒါတွေကို
နားမလည်ခဲ့တဲ့ငါ
ကမ်းဘ၀ရောက်ခဲ့ရတယ်
ရေဆိုတာ
မြှင့်ရာမှ နိမ့်ရာသို့ လားတယ်
အချစ်ဆိုတာ
နိမ့်ရာမှ မြှင့်ရာသို့ စီးတယ်
ငါ့ဘဝ
မြေနိမ့်လေ
လှံစိုက်ခံရတာ မဆန်းပါဘူးလေ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment