Monday, December 14, 2009

မျှော်လင့်ခြင်း

ခဏခဏ ပြုတ်ကျသွားတဲ့....
မျှော်လင့်ခြင်း..
ဝေဒနာ ခါးခါးတွေကိုမှ..
မြိုချမိတဲ့ငါ...
ဝဋ်ကြွေးတွေ ကျေချင်မိ..။
အနာဂတ်ရဲ့ အိပ်မက်တွေအတွက်
အလှနတ်မိမယ်တပါး
မျှော်လင့်တောင့်တ မိသူ
စိမ်းနေရက် ကြွေခဲ့..
အလွမ်းမျက်ရည်ကြောမှာ သောသောမျောရော..။
ရပ်တန့်ပေးပါ...
ဝေးနေတဲ့ အဖြစ်တွေကို..။
အိပ်မက်တရာ မက်ပေမယ့်
မင်းနဲ့သာ ဘယ်လိုနီးစပ်ရမလဲ။။
အခါခါပါ
တမ်းတတယ်....................
ဖြစ်နိုင်မယ်ဆို....................
ဒီဘဝ..မှာတော့...နီးစပ်ချင်သေးတယ်....။

No comments:

Post a Comment