Tuesday, February 9, 2010

မိန်းမတစ်ယောက်ရဲ့ဖွင့်ဟဝန်ခံချက်

ဒီဘဝမှာပြောခွင့်ရှိရင်တော့နင့်ကိုငါချစ်တယ်လို့ပြောချင်ပါသေးတယ်..ချစ်ခဲ့တယ်ဆိုရင်ပိုမှန်မယ်နဲ့တူတယ်..
အခုရောချစ်သေးလားဆိုရင်တော့ချစ်နေဆဲပါပဲကွယ်.....ဒါပေမဲ့မိန်းမတစ်ယောက်ရဲ့မာနနဲ့အတ္တအတွက် ငါနင့်ကိုမေ့ရလိမ့်မယ်...မေ့မှဖြစ်မယ်..

ငါတို့နှစ်ယောက်ဘာလို့ဝေးခဲ့ရသလဲဆိုရင်..အတ္တခြင်းပြိုင်ခဲ့မိလို့ပေါ့နော်..ငါတော့အဲလိုပဲထင်တယ်..
ဟိုးခပ်ဝေးဝေးက လေတိုက်သံလား......ဖုန်းမြည်သံခပ်သဲ့သဲ့ကြားလိုက်မိသလိုလို........
ဆံပင်ရှည်ထားပါဆိုဘာလို့ညှပ်လဲ...နင့်ရဲ့အသံကို..ခုပဲငါ့နားမှာလာပြောနေသလိုလို.......
(နင့်အတ္တတွေနဲ့ငါ့ကိုမချည်နှောင်ပါနဲ့............ငါ့စိတ်ထဲ့စကားတစ်ချို့ကိုမျိုချရင်း)
ငါ့အလုပ်နဲ့ဆံပင်ရှည်နဲ့ ကအဆင်မပြေဘူးလေ ..့ ဆံပင်ရှည်ထားရင် သူ့အတွက်အချိန်ပေးရတယ်လေ..
ငါ့မှာအချိန်မရှိဘူးဆိုတာ နင်လဲသိသားနဲ့ ငါ့ပါးစပ်ထဲ့ စိတ်ရှည်လက်ရှည်စကားတစ်ချို့နဲ့နင့်ကိုရှင်းပြနေမိတယ်.......
ဘာကြောင့်ငါ့ကိုဒီလိုပြောရတာလဲ ငါနဲ့နင်နဲ့ဘာဆိုင်လို့လဲလို့ မ မေးတတ်ခဲ့တာ..မ မေးဖြစ်ခဲ့တာတော့
သူများမိန်းကလေးတွေနဲ့မတူတဲ့ငါ့ရဲ့အားနည်းချက်လား...

ငါ့ဆီ တစ်ပတ်ဖုန်းမဆက်နဲ့နော် ငါရှိမှာမဟုတ်ဘူး..နယ်ဆင်းရမယ် ဆိုတော့ နင့်ရဲ့ မပြတ်မသားကန့်ကွက်သံလိုလို....
တာမြစ်ချင်သလိုလို...စကားတစ်ချို့.......
လိုအပ်လို့လား ..နယ်မှာ က အနေဆင်းရဲ့အစားဆင်းရဲ့နဲ့ နင်က ပျော့ပျော့နဲ့ဖြစ်ကောဖြစ်ရဲ့လား......
(နင့်အတ္တတွေနဲ့ ငါ မွန်းကျပ်နေပြီ သိလား နင်သိရဲ့လား )
ငါ့စိတ်ထဲ့ အသံမဲ့စွာပေါက်ကွဲအော်ဟစ်မိတယ်..........
ငါ့နှုတ်ဖြားကတော့ထုံးစံအတိုင်း......ပြေပြေပြစ်ပြစ်နင့်ကိုရှင်းလင်းနေမိပြန်တယ်......နော်
နင်နဲ့ပက်သက်ရင်ငါပျော့ညံ့လွန်းခဲ့တယ်ဆိုတာဝန်ခံပါတယ် ........နင့်ကိုခနဲ့တဲ့တဲ့စကား
တစ်ခွန်းတောင်မှပြောမထွက်ခဲ့ရက်အောင်ငါ့နှလုံးသားက ယိုင်နဲ့ခဲ့ပါတယ်......

မွေးနေ့လက်ဆောင်ပို့လိုက်တယ်...ပျော်ရွှင်ပါစေတဲ့
(ငါလိုချင်တာ အဲတာတွေမဟုတ်ဘူး......တဆိတ်ကျေးဇူးပြုပြီး ငါ့ကိုလွပ်လပ်ခွင့်ပေးပါတော့ တစ်ကယ်လို့နင်ငါ့ကို
မချစ်ခဲ့ဘူး..ဒါမှမဟုတ် အချစ်ကိုဖွင့်ဟဝန်ခံလိုစိတ်မရှိခဲ့ဘူးဆိုရင်..ကျေးဇူးပြုပြီး ငါ့ကို...................
ငါ့ရဲ့စိတ်ကို လွပ်လပ်ခွင့်ပေးပါတော့.....)

တစ်ကယ်တော့ ကွယ် တို့နှစ်ယောက်ကြားမှာ ဘာတွေများမှားယွင်းခဲ့တာလဲ.........
ငါကလဲနင့်ကိုချစ်တယ်.......နင်ကလဲငါ့ကိုချစ်တယ် ..(ငါ့စိတ်ထဲမှာအလိုလိုခံစားမိတယ်)
ဒါနဲ့များတောင်မှ .........


ခုတော့ ငါအရာအားလုံးကိုမုန်းတယ် ဖွင့်ဟဝန်ခံခြင်းမရှိတဲ့နင့်ချစ်ခြင်းကိုရော......
မိန်းမတစ်ယောက်ဖြစ်လို့အချစ်ကိုဖွင့်ဟဝန်ခံနိုင်ခြင်းမရှိတဲ့ငါ့ဘဝကိုရောပေါ့.....

No comments:

Post a Comment