Wednesday, February 10, 2010

“ယုံပေးပါ”

နေရောင်ထဲက လာရင်တော့
နေရောင်ထဲကိုပဲ ပြန်သွားရမှာလေ
ရှုခင်းတွေသေနေလည်း
င်ါတို့သစ်ပင်တွေ အသက်ဝင်နေရမယ်....
သံသရာက ကျဉ်းမြောင်းတယ်
ဒါပေမဲ့ မကွေ့ကောက်ဘူး........
တခါတလေ
ငါဆွဲတဲ့ဖဲဟာ မင်းအကြောင်း
ငါနှိပ်မိတဲ့လက်ကွက်ဟာ မင်းနာမည်
ရေဆိုတာ ခွဲလို့ရပေမဲ့
ငါတို့က ရေမဟုတ်ဘူး......
မင်းမှတ်ထားစမ်းပါ
တစ်ယောက်ကိုတစ်ယောက်
မမြင်နိုင်တော့ရင်တောင်
မင်းနားမှာ လေလို ငါရှိနေမှာပါ..............။

No comments:

Post a Comment