တေးသီကျူးနေတဲ့
ဥသြလေးရေ.....
မင်းဘယ်သူ့ကိုလွမ်းနေတာလဲကွယ်
ငါ့ရင်ထဲမှာလဲသံစဉ်တွေနဲ့ပါပဲ
ဒါပေမယ့် ...
ငါက နိုက်တင်ဂေးလ်မဟုတ်လေတော့
ဝေးနေရသူကို
လွမ်းတယ်လို့ပြောချင်ပေမယ့်
သူနေတာက ငါ့ရဲ့လေကွယ်ရာမှာလား
ပြေးပြီးတော့ပြောလိုက်ချင်ပါတယ်
တကယ်တမ်းကျ
ငါအိပ်မက်က မနိုးထရဲပြန်ဘူး
ချစ်တယ်လို့ပြောခဲ့တဲ့သူကို
ဘယ်တော့များမှနီးရမလဲလို့
မေးခွင့်မရှိရင်နေပါ
ငါ့တကိုယ်စာ
အိပ်မက်လေးထဲမှာတော့
လွတ်လပ်စွာ လွမ်းနေခွင့်ပြုပါ
တဆိတ်တော့တောင်းဆုခြွေမယ်နော်
မင်းနဲ့နီးစပ်ခွင့်
အိပ်မက်လေးတော့မဖြစ်ချင်ဘူးကွယ်......
Subscribe to:
Post Comments (Atom)
No comments:
Post a Comment