တစ်ခါတစ်လေ...
မျှော်လင့်ချက်များစွာနဲ့
မင်းအကြည့်တွေကို တောင်းတလိုက်ပေမဲ့
နိဒါန်းကိုက
အလွမ်းနဲ့ ခင်းပြီးသား......
တစ်ခါတစ်လေ....
စွန်းထင်းပေတေနေတဲ့ နှလုံးသားကို အရင်းပြု
မင်းတမ်းတမိတဲ့ တစ်ခုခုအတွက်
ငါ့ အသက်ကို စတေးပြစ်ချင်ပေမဲ့
မင်းကိုင်ဆွဲထားတာ...
မင်းနှလုံးသားကိုတောင်နှင်းအပ်ထားတဲ့သူ..
ဒဏ်ရာဆိုးတွေက
ဝဋ်ကျွေးတစ်ခုလို
ငါ့ ရင်ခွင်ဆီ ပြေးဝင်...
ဂရုမစိုက်တက်တဲ့
အမူ အကျင့်တွေကို ဖျောက်ဖျက်
ငါ့၇ဲ့............
ပန်းပွင့် ခပ်နွှမ်းနွှမ်းတွေလည်း ပါသွားလေခဲ့ရဲ့......
မင်းနှလုံးသားသံစဉ်တွေ အကြားမှာ............
အဝေးဆုံးကနေ
အနီးဆုံးချစ်သူလို တမ်းတ
ကွာဟချက်မရှိအောင်လွှမ်းဆွတ်
မနမ်းရတဲ့ အိမ်မက်တွေကိုလည်း တစ်လှေကြီး မက်...
ပျောက်ရှခဲ့တဲ့ တန်ဖိုးတွေကိုလိုက်ရှာ
အမှန်တကယ်ပါပဲ.....
မင်းက ငါနဲ့ ဝေးဝေးသွားတယ်....။ ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment