Thursday, January 21, 2010

ဥပက္ခာမျက်ဝန်း

ငါ့ရဲ့ အက်ကွဲပြိုလဲသံတွေ
ငါ့ရဲ့ ဦးညွတ်ခြင်းတွေ
ငါ့ မျက်ရည်စက်တွေ
မင်းမြင်စေချင်တယ်...
ငါ့နှလုံးသားကလဲ
မင်းရဲ့ ဥပက္ခာတွေကိုမှ
မြတ်မြတ်နိုးနိုး တန်ဖိုးထားတယ်တဲ့
ငါဘာလုပ်ရမလဲ
ဘယ်ဘက်ရင်အုံရဲ့ အမိန့်ကိုလဲ
ဦးနှောက်က မလွန်ဆန်နိုင်ဘူး
ကျေးဇူးပြုပြီး အေးစက်စက်မျက်ဝန်းတွေနဲ့
ငါ့ကို မကြည့်ပါနဲ့.......။ ။

No comments:

Post a Comment