Thursday, January 21, 2010

သိသင့်တယ်

ငိုနေလဲသူမသိပါဘူး
ရယ်နေလဲဘာထူးမလဲ
သူပေးခဲ့တဲ့ခဏတာအချစ်တွေ
အိပ်မက်လိုပဲပျောက်ကွယ်သွားခဲ့ပြီ
ခုတော့...သူမဟုတ်သလိုပဲ
အခေါ်ဝေါ်တွေပြောင်းလဲ
အကြည့်တွေကတစိမ်းလို
အပြုံးတွေကလဲခနဲ့နေသလို
ငါဘာလုပ်ရမလဲ..........
မင်းရှိတဲ့နေရာမှာငါပျော်တယ်
ငါရှိနေလို့မင်းစိတ်ညစ်နေလားးးးးး
အရမ်းကိုမွန်းကြပ်တဲ့
အခန်းတစ်ခုထဲမှာနေရရင်တောင်
ငါလောက်ဘယ်သူကြေကွဲနေမလဲ
မျှော်လင့်ချက်တွေတစ်ပုံကြီး
ဖျက်စီးခဲ့ရက်တယ်ကွာ.......
ဘ၀ဆက်တိုင်းလို့မပြောလိုပါဘူး
တစ်ဘ၀တောင်မြဲအောင်
မချစ်ခဲ့တာမင်းသိပ်လွန်တာပဲ
အပြစ်ပြောတာမဟုတ်ပါဘူး
မကျေနပ်တာပါ.............
မင်းငါ့ကိုမချစ်တာခွင့်လွတ်တယ်
မင်းငါ့ကိုထားသွားတာကိုတော့
ငါခွင့်မလွတ်ဘူး......................
ငါခံစားရတာတွေမင်းဆီပြန်လာမှာဆိုးလို့
ငါညတိုင်းမျက်ရည်တွေနဲ့
ဆုတောင်းနေရတာမင်းသိရဲ့လားးးးးးးးးးးး

No comments:

Post a Comment