အာဒမ် နဲ့ ဧဝ
ပန်းသီး စားခြင်းက
အချစ်ကို စတွေ့ ခဲ့ တယ်။
နယူတန်လဲ
ပန်းသီး မစားခြင်းက
ဆွဲငင်ခြင်း နိယာမ
ဖော်ပြ နိုင်ခဲ့တယ်။
နှောင်းလူ တွေကလဲ
စားခြင်း မစားခြင်း
ခြားနားချက် တွေကြား
အချစ်ရဲ့ ဆွဲငင်အားလို့
သက်မှတ်ခဲ့ ကြသေးတယ်။
ကျွန်တော်လဲလေ
အချစ်ပုစ္ဆာ တစ်ပုဒ်
အဖြေရှာ တွက်ထုတ်
ခေါင်းရှုပ်နေတုံး
နှလုံးသားကို
တချက်ကြည့် လိုက်တော့
ပိုး စားထားတာ
တခြမ်းကို ပဲ့လို့။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment