ချစ်သူ...
မျဉ်းပြိုင်နှစ်ကြောင်းလိုဖြစ်နေတဲ့ တို့နှစ်ယောက်ချစ်ခြင်းတွေ...
ဘယ်လိုမှ ဆုံနိုင်ခြင်းမရှိတာ သိနှင့်နေခဲ့လည်း...
ငါရူးမိုက်မိုက် မျက်ကန်းသစေလို အချစ်ရဲ့ အစေခံတစ်ပါးလို တိုးတိုးဝင်နေဆဲ...
နင်ဟာ...
ငါ့ရဲ့ ဖြစ်တည်ရှိနေမှုတွေကို မလိုလားခဲ့...
ငါဟာ...
ငါ့ရဲ့ ဖြစ်တည်ရှိမှုကို မြတ်နိုးသူ...
နင်ဟာ...
ငါ့ရဲ့ ဘ၀တစ်ခုလုံးကို အရောင်ဆိုးချင်သူ...
ငါဟာ...
ငါ့ရဲ့ ခိုင်မာတဲ့စိတ်ဓါတ်တွေနဲ့ ခြေလှမ်းခိုင်သူ...
နင်ဟာ...
သံသယတွေကို ၀ိုင်းရံထားတဲ့ မျက်ဝန်းနဲ့ မေးခွန်းထုတ်သူ...
ငါဟာ...
ငါ့ရဲ့ရိုးသားမှုအတွက် အကြောင်းပြချက်မရှိသူ...
နင်ဟာ...
နင့်စိတ်တစ်ခုအတွက်ကိုပဲ ဦးစားပေးသူ...
ငါဟာ...
တစ်ပါးသူ ကိုနှစ်သိမ့် သူ...
နင်မျက်ရည် တစ်စက် ကျတိုင်း ငါ့နှလုံးသားအရေပျော်မတတ်ခံစားရပြီး ငါ့ကိုယ်ငါ ဒဏ်ခတ်နင့်ကို တစ်နေရာရာက တိတ်တခိုးလေး လွမ်းဆွတ်စွာ ငါကြေကွဲစွာ ငိုကြွေးခဲ့ဖူးတယ်...
နင့်မှာတော့ ငါ့မျက်ရည်ချောင်းလိုစီး ငါ့ရင်ဘတ်တွေ မခံနိုင်လောက်အောင် နာကျင်တဲ့ဝေဒနာဆိုးတွေနဲ့ ရင်ဆိုင်လိုက်တိုင်း နင်ကြည့်ပြီး အောင်နိုင်သူတစ်ယောက်လို ဟားတိုက်ရီမောနေတုန်းပဲ...
ဒီလောက် ခြားနားနေကြတဲ့ချစ်ခြင်းတောထဲမှာ ငါက မျက်ကန်းတစေ တစ်ကောင်လိုပဲ အချစ်နောက် တစ်ကောက်ကောက်လိုက်တုန်းပဲ...
ဘယ်လိုဝဋ်ကြွေး ဘယ်ဘ၀ရေစက် မသိပေမယ့် ... နင်နဲ့ကျမှ.. အချစ်ကို အဓိပ္ပါယ် တစ်ခုငါဖွင့်ဆိုတတ်ခဲ့တယ်...
~~~ဒါဟာဝဋ်ကြွေးလား~~~
ငါဟာ လူသားတစ်ယောက်ပါ... နင့်ရဲ့နှုတ်ခမ်းဖြားကထွက်လာတဲ့ တိုက်ခိုက်နာကျင်စေတဲ့ စကားလုံးတိုင်းအတွက် ငါ့ရင်ထဲက ရှင်သန်နေတဲ့အချစ်တွေကို သတ်တာတော့ မဖြစ်စေချင်ဘူး...
ငါ့ရဲ့အချစ်တွေ သေဆုံးလာမယ့်နေ့ကို ရောက်လာမှာ ငါကြောက်နေမိတယ်...
အဲဒီ ရလဒ်အတွက် နင်ခံစားနေရမှာကို ငါအကြောက်ဆုံးပဲ...
အနိုင်ရလိုမှုတစ်ခုအတွက်နဲ့ အချစ်တစ်ခုကို ယှဉ်ပြိုင်ကစားမယ်ဆို ... ငါမှာရော နင့်မှာပါ... အချစ်ဆိုတာ အမုန်းအဖြစ် အသွင်ပြောင်သွားလိမ့်မယ်...
တစ်ကယ်လို့ ငါ့တို့နှစ်ယောက် အဆုံးသတ်ကြစတမ်းဆို အနိုင်ရခဲ့သူက နင်ပါ...
နင်ကငါ့ကို သာယာမှုတစ်ခုအတွက်နဲ့ အချစ်ကိုလက်ခံခဲ့တယ်လို့ပြောနေခဲ့ရင်...
နင်ဟာအချစ်တစ်ခုကို အကြောင်းပြပြီး ငါ့ကို စေခိုင်း နေတဲ့သခင်လား...
ငါဟာ အချစ်ရူးတစ်ယောက်လို အချစ်အစေခံတစ်ယာက်လို နင်ခိုင်းတာ ခုချိန်ထိ ကျေကျေနပ်နပ် လိုက်လုပ်နေတုန်းပဲ...
အဲဒါဟာလည်း ၀ဋ်ကြွေးပါလားလို့ ငါ့ကိုယ်ငါမြင်တတ်ပေမယ့် မဆုံးသေးတဲ့ ၀ဋ်ကြွေးတစ်ခုအတွက် ငါနင့်အတွက်ပေးဆပ်ဆဲပါ...
ဝဋ်ကြွေးတွေ အဆုံးသတ်တော့မယ့် တစ်နေ့အထိပေါ့...
Subscribe to:
Post Comments (Atom)
No comments:
Post a Comment