Saturday, December 12, 2009

သတိသာ မူမှားရင် အထိနာ အပူပွားမယ်….

ကိုယ်ချစ်တဲ့သူကို သတိရတယ်
ချစ်တဲ့ အခြင်းအရာအားဖြင့်
သတိရတယ်။

လွမ်းတဲ့ အခြင်းအရာအားဖြင့်
သတိရတယ်။
ချစ်တာက တဏှာ၊
လွမ်းတာက ဒေါသ၊

ချစ်တဏှာနောက်မှာ
လွမ်းဒေါသက
ကပ်ပါလာတော့တာပါဘဲ။

ချစ်တဏှာနဲ့ သတိရတော့
တဏှာရဲ့
ထောင်ထုမှုဒဏ်ကြောင့်
ကိုယ့်စိတ် ပိပြားကြေမွသွားတယ်။

လွမ်းဒေါသနဲ့သတိရတော့
ဒေါသရဲ့
ထောင်းထုမှုဒဏ်ကြောင့်
ကိုယ့်စိတ် ပိပြားကြေမွသွားတယ်။

သတိမှားရင် ပိပြားသွားမယ်
လို့ပြောရမှပေါ့။
ကိလေသာနဲ့
သတိရနေတာဟာ
ကိုယ့်စိတ် ပိပြားကြေမွနေတာပါဘဲ။

No comments:

Post a Comment